“Intel ကုမ္ပဏီကြီးက အစ္စရေးနိုင်ငံတွင်စက်ရုံသစ်ကြီးကို လာမည့် ၂၀၂၇ခုနှစ်တွင် စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၃၅ခုနှစ်ထိ လည်ပတ်နိုင်ရန် စီစဥ်ထား”

ဇွန် ၁၉

Intel ကုမ္ပဏီကြီး သည် အစ္စရေးနိုင်ငံအတွင်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyanhu က ပြီးခဲ့သည့် ဇွန်လ ၁၈ရက်နေ့တွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Intel ကုမ္ပဏီကြီးသည် အမေရိကန် နိုင်ငံ၏ အကြီးမား ဆုံးပုဂ္ဂလိကအလုပ်ရှင် နှင့် တင်ပို့ ရောင်းချ သူဖြစ်ပြီး အမေရိကန် နိုင်ငံအတွင်းရှိ Intel သည် အစ္စရေး နိုင်ငံတွင် စက်ရုံသစ်တစ်ခု တည်ထောင်နိုင်ရန် ကန်ဒေါ်လာ ၂၅ ဘီလီယံ စိုက်ထုတ်သွား မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြား ခဲ့တာဖြစ်ပြီး အဆိုပါ လုပ်ငန်းသည် အစ္စရေး နိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုကြီး တစ်ခု ဖြစ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အစ္စရေးနိုင်ငံတောင်ပိုင်းခရိုင် အတွင်းရှိ Kiryat Gat မြို့တွင် အဆိုပါ Intel Chip ထုတ်လုပ်မှုလုပ်ငန်း အသစ်ကို လာမည့် ၂၀၂၇ ခုနှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အနည်းဆုံး ၂၀၃၅ ခုနှစ်အထိ လည်ပတ်နိုင်ရန်နှင့် လူထောင်ပေါင်းများစွာအတွက် အလုပ်အကိုင် များပေးနိုင်ရန် မျှော်လင့်ထားကြောင်း အစ္စရေး နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြား ထားပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။