“ဆွီဒင် က နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေအယူဝါဒအသစ်တစ်ခုကို ယနေ့ ထုန်ပြန်ကြေညာဖွယ်ရှိနေ”

ဇွန် ၁၉

ဆွီဒင်နိုင်ငံသည် ၎င်းတို့နိုင်ငံ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ ဥပဒေအယူဝါဒအသစ်ကို ယနေ့ ဇွန်လ ၁၉ ရက်တွင် တရားဝင်ထုတ် ပြန်ကြေညာ သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

SVT TV ရုပ်သံလိုင်း၏ သတင်းရင်းမြစ်များအရ ဆွီဒင်နိုင်ငံသည် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်ပြီးနောက် အမျိုးသားလုံခြုံရေး အယူဝါဒ အသစ်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ဆွီဒင်အစိုးရ၏ လွှတ်တော်ပါတီ ၈ ခုမှ ကိုယ်စား လှယ်တော်များနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ကာ အဆိုပါ ကာကွယ်ရေးကောင်စီ အစီရင်ခံစာ၏ အဓိက ပြဋ္ဌာန်းချက်များကို ပြဋ္ဌာန်းထားတာဖြစ်တယ်လို့ SVT ရုပ်သံလိုင်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ဖော်ပြ ပြောဆိုထား တာလည်းဖြစ်ပါတယ်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် လူသိရှင်ကြား ထုတ်ပြန်သွားမည့် အစီရင်ခံစာမှာ “Serious Times” လို့ ခေါင်းစဉ်တပ်ထားပြီး ဆွီဒင်နိုင်ငံ ၏လုံခြုံရေး “ပြင်းထန်သောခြိမ်းခြောက်ခံခဲ့ရမှု” အောက်တွင် ရှိနေခဲ့သော ၁၉၃၉ မှ ၁၉၄၅ ခုနှစ် ကာလများ ကိုရည်ညွှန်းထားတာလည်းဖြစ်ပါတယ်။

ယူကရိန်း – ရုရှား နှစ်နိုင်ငံ တိုက်ပွဲအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ပထဝီအနေအထားအရ စစ်ရေး ထိုးစစ်ဆင်နိုင်တဲ့အတွက် ရုရှားနိုင်ငံဖက်က ဆွီဒင် နိုင်ငံကို ကျူးကျော်ဖို့ ဖြစ်နိုင်ခြေ အလားလာ တွေရှိနိုင်ပါတယ်လို့ အဆိုပါ အစီရင်ခံ စာတွင် ဖော်ပြထားတာလည်းဖြစ်ပါတယ်။

” ရုရှားအတွက် ရှင်းလင်း ပြတ်သား သော စစ်ရေး အချက်ပြ မှုတစ်ခုဖြစ်နေပါတယ် ကျနော်တို့ နိုင်ငံက ယခင်ကထက် ပိုမိုထက်မြက်သော ကာကွယ်ရေး ဖော်မြူလာများကို ပြုလုပ်သင့် ပါတယ်”လို့ SVT သတင်းဌာန၏ အစီရင်ခံစာရေးသားသူ တစ်ဦးက အစီရင်ခံစာကို ကိုးကား ပြီး ဖော်ပြထားပါတယ်လို့ သတင်းဌာန များကဖော်ပြပြောဆိုထားပါတယ်။