မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ ‘မြတ်မောင်” စိန်ထည်နှင့် ရွှေထည် ပစ္စည်းအရောင်းဆိုင်ကို စိစစ်ဆဲ လူ ၃ ဦးက သေနတ်ပစ်ခတ် ဓားပြတိုက်၊ စိန်ထည်၊ရွှေထည်ပစ္စည်းများ ယူ ဆောင်သွား

ဇွန် ၁၈

     ယနေ့ ညနေ ၄ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊မေဒါဝီလမ်း၊(ဈ)ဈေးရှေ့ရှိ ”မြတ်မောင်” စိန်ထည်နှင့် ရွှေထည် ပစ္စည်းအရောင်းဆိုင်တွင် ပိုင်ရှင် ဦးအောင်ထူး ပါ အရောင်းဝန်ထမ်း ၁၁ ဦး၊ လုံခြုံရေးဝန်ထမ်း ကိုအောင်အောင် ပါ ၅ ဦးတို့ ရှိနေစဉ် လူ ၃ ဦး (စိစစ်ဆဲ)မှ ဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ်အတို (စိစစ်ဆဲ)ကို ဦးစွာ မိုးပေါ်ထောင်ဖောက်၍ ဆိုင်ဝန်ထမ်း လုံခြုံရေး ကိုအောင်အောင် (အချက် အလက်စိစစ်ဆဲ)နှင့် ကိုလှမိုး (အချက်အလက်စိစစ်ဆဲ)တို့ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၄င်းနောက် အသင့်ယူလာသည့် တူဖြင့် ဆိုင်၏ မှန်ကောင်တာများအား ရိုက်ခွဲ၍ ကောင်တာအတွင်းရှိ စိန်ထည်ပစ္စည်းများ(စိစစ်ဆဲ)နှင့် ရွှေထည် ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့ကို ယူဆောင်၍ ပြန် လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

      သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအောင်အောင်၌ ဝဲလက်ခုံထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုလှမိုး၌ ယာခြေထောက် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ/စိစစ်ဆဲ)တို့ ထိမှန်ခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM LUGER ကျည်ခွံ ၁၁ ခု တွေ့ရှိခဲ့ကြောင်း၊ အခင်းဖြစ်ရပ်အား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်းနှင့် တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်

#PAN