တာချီလိတ်မြို့စားသောက်ဆိုင်တစ်ခုတွင် အတူတူစားသောက်နေစဥ် အချင်းချင်းစကားများရန်ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား

ဇွန် ၁၇

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ဆန်ဆိုင်း(ခ)ရပ်ကွက်၊စံပယ်လမ်းရှိ  စားသောက်ဆိုင်တစ်ခုတွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် တစ်ဖွဲထဲအတူတူစားသောက်နေစဥ် အချင်းချင်းစကားများရန်ဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ရာမှ အသက်အရွယ် ၂၅ နှစ်အရွယ်လူငယ်တစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

     “လူတွေက အယောက် (၂၀)လောက်ရှိတယ်၊စားသောက်နေတာပေါ့လေ။ စကားပြောကြတာတော့ ယိုးဒယားဘာသာနဲ့ပြောကြတာပေါ့။ရုတ်တရတ်ဆိုတော့ အကုန်လုံးလန့်သွားတာ”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးမှ ဆိုသည်။

    ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းနှင့် အခင်းဖြစ်ပွားမှုတွင်ပါဝင်သူများကို ဥပဒေအရ စုံစမ်းစစ်ဆေးပြီး အရေယူဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။

#PAN