ကျောက်တံခါးမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ကျော်ခန့် ရောက်ရှိ၊ ကျောက်တံခါးမြို့ကိုဝင်ရောက်စီးနင်းတိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်

မေ ၁၄

     ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင်းမှ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ကျော်ခန့်သည်
ကျောက်တံခါးမြို့နယ်၊ဗောဓီကွင်းနှင့် နံဇကျေးရွာများသို့ ယနေ့ နံနက်ပိုင်းတွင် ကူးသန်းရောက်ရှိနေကြောင်းသိရှိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများသည် ယခုရက်ပိုင်းအတွင်း ကျောက်တံခါးမြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် စီစဥ်နေကြောင်း သတင်းများထွက်ပေါ်နေစဥ် ယခုလို အကြမ်းဖက်သောင်း ကျန်းသူ အင်အား ၁၀၀ကျော်ခန့် အဆိုပါနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

       အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့သည် ယခင်အပတ်က နတ်သံကွင်းစစ်တောင်းတံတားကြီးမိုင်းခွဲဖျက်ဆီးသည့်နေ့ဖြစ်စဉ်အချိန်ကတည်းက နတ်သံကွင်းစစ်တောင်းတံတားအနောက်ဖက် ကျောက်တံခါးမြို့နယ်၊ကွင်းချောင်းဝရွာရှိ အလုပ်သမားဂိုထောင်ရုံးအနီးတွင် အကြမ်းဖပ် PDF အလောင်း ၁ လောင်း ပုတ်ပွနေပြီး ယနေ့အချိန်ထိ ၎င်းတို့အထယဖွဲ့က လာရောက်သင်္ဂြိုလ်ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

#PAN