ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲပြီး ဆုဖလားအများဆုံး ကစားသမားအဖြစ် စံချိန်တင်


ဇွန် ၁၃
ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ ရိုလန်ဂါးရို့စ်မှာ ဇွန် ၁၁ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆားဗီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်က နော်ဝေတင်းနစ်ကစားသမား ဝုဒ်ကို ၃ ပွဲပြတ်နဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ အမျိုးသားပြိုင်ပွဲတွေမှာ စံချိန်တင်အဖြစ် ဂရင်းစလင်းဆုဖလား ၂၃ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ အသက် ၃၆ နှစ်ရှိ ဂျိုကိုဗစ်ဟာ အစောပိုင်းပွဲစဉ်တွေမှာ အကောင်းဆုံး လက်စွမ်းမရခဲ့ပေမဲ့ ဗိုလ်လုပွဲမှာတော့ ၇-၆( ၇-၁)၊ ၆-၃၊ ၇-၅ နဲ့ အနိုင်ရခဲ့ပါတယ်။
ဂျိုကိုဗစ်ဟာ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်ရဲ့ စံချိန်ကို ချိုးကာ စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပြီး အဓိကပြိုင်ပွဲကြီး ၄ ရပ်လုံးမှာ အနည်းဆုံး ၃ ကြိမ်စီ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံး တင်းနစ်သမား ဖြစ်လာခဲ့ပါတယ်။
Photos : Twitter