လယ်ဝေးမြို့နယ်တွင် အကြမ်းဖက် အဖွဲ့အစည်းများအား အားပေးထောက်ခံ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အားထိခိုက်စေသည့် စာသားများရေးသားဖော်ပြသည့် အမျိုးသမီးတစ်ဦးကို ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးအရေးယူ

ဇွန် ၁၀

       လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသာကျေးရွာနေ ဒေါ်မြင့်မြင့်အေး၊၅၂နှစ်၊ (ဘ)ဦးလှအောင် (“အောင်သီတာ” ရွှေဆိုင်လုပ်ငန်း)သည် အင်တာနက်လူမှုကွန်ရက်စာမျက် နှာပေါ်တွင် Myint Myint Aye အကောင့်ဖြင့် အကြမ်းဖက် အဖွဲ့အစည်းများအား အားပေးထောက်ခံခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အားထိခိုက်စေသည့် စာသားများရေးသားဖော်ပြခြင်း၊အကြမ်းဖက် သမား ပန်ဆယ်လို (Pancilo page)၏ Post အောက်တွင် comment ရေးသားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံခြင်းပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ၎င်းကိုင်ဆောင်အသုံးပြုသည့် ၀၉၇၈၂၀၆၀၇၄၀ ဆင်းကတ်နံပါတ်ပါ iPhone 7 Plus အမျိုးအစား၊  ရွှေရောင်ဖုန်း(၁)လုံးနှင့် ၀၉၄၃၀၃၆၄၉၀ ဆင်းကတ်နံပါတ်ပါ Huawei အမျိုးအစား၊ နက်ပြာရောင်ဖုန်း ၁ လုံး စုစုပေါင်းလက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍  အင်တာနက်လူမှုကွန်ရက် စာမျက်နှာအားအသုံးပြု၍ အကြမ်းဖက်အဖွဲ့အစည်းများကို အားပေးထောက်ခံခြင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အား ထိခိုက်စေသည့် စာသားများရေးသားဖော်ပြခြင်းတို့အား ပြုလုပ်ခဲ့သူ ဒေါ်မြင့်မြင့်အေးအပေါ် ဥပဒေအရအရေးယူပေးရန် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် သာဝတ္ထိနယ်မြေရဲစခန်းမှ (ပ)သတင်းချက်အမှတ် ၂၂/ ၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN