ဖားကန့်မြို့နယ်တွင် KIA ရင်း(၆)ရှိ PDF အကြမ်းဖက်အဖွဲ့များကို ရိက္ခာပစ္စည်း၊ လက်နက်/ခဲယမ်းများကို ထောက်ပံ့ရေးတာဝန်ခံ ၃ ဦးကို ဖမ်းဆီးရမိ

ဇွန် ၁၀

      ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီးတွင် ပြည်သူများ၏သတင်းပေးချက်အရ
လုံခြုံရေးအဖွဲ့များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ဇွန်လ ၈ ရက်နေ့ ည ၇ နာရီခန့်က မောင်းနှင်လာသော AD Van ကားတစ်စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းပြေးသည့်အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရပါတယ်။

ထိုသို့ ပစ်ခတ်ဖမ်းဆီးရာမှ SIG SAUER ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၁ တောင့်၊ လက် ပစ်ဗုံး ၂ လုံး၊ ဒီတိုနေတာ ၅၀ ချောင်း၊ လက်လုပ်မိုင်း ၃ လုံး၊ ကော်ဖီမစ်(အထုတ်ကြီး) ၃၅ ထုပ်၊ ဆေးပေါ့လိပ် ၄၀ စီး၊ ခေါက်ဆွဲခြောက် ၇ ဖာ တို့နှင့်အတူ မောင်အေး (ယာဉ် မောင်း)(သေဆုံး)(PDF ထောက်ပို့နှင့် ဒလန်ရှင်းလင်းရေးအဖွဲ့ဝင်)၊ မြင့်လွင် (ဖမ်းဆီးရမိ)(PDF ထောက်ပို့နှင့် ဖားကန့်သပိတ်ဦးဆောင်သူ)၊ ဝင်းသိန်း(ဖမ်း ဆီးရမိ)(PDF ထောက်ပို့တာဝန်ခံ)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

      ၎င်းတို့ ၃ ဦးသည် KIA ရင်း(၆)ရှိ PDF အကြမ်းဖက်အဖွဲ့များအတွက် ၁ လလျှင် ၂ ကြိမ် ရိက္ခာပစ္စည်း ထောက်ပံ့ပေးရကြောင်း၊ ယခုဒုတိယအကြိမ် ထောက်ပံ့ရန် ဖားကန့်မြို့ပေါ်ဈေးဆိုင်များမှ ပစ္စည်းများဝယ်ယူစုဆောင်းပြီး ပြန်လာခြင်းဖြစ်ကြောင်း၊ PDF များအတွက် လိုအပ်သောလက်နက်/ခဲယမ်းများကို ချိတ်ဆက်ဝယ်ယူပေးခြင်း လုပ်ဆောင်ကြောင်း သတင်းရရှိပါသည်။

#PAN