“နယ်သာလန်နိုင်ငံ Ter Aar မြို့တွင် ကြီးမားသော မီး လောင်မှုကြီးဖြစ်ပွား”

ဇွန် ၁၀

နယ်သာလန်နိုင်ငံ Ter Aar မြို့ရှိ စက်မှုဇုံ တစ်ခုအတွင်း ကြီးမားသော မီးလောင်မှု ကြီးတစ်ခု ပြီးခဲ့သည့် ဇွန်လ ၉ရက် သောကြာနေ့ ညပိုင်းအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှု အနီးရှိ အဆောက်အအုံအများအပြား မီးလောင် ကျွမ်းခဲ့ရတာလည်းဖြစ်ပါတယ်။

အဆိုပါ မီးကို ငြှိမ်းသတ်နိုင်ရန် နာရီပေါင်းများစွာ အချိန်ယူရမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နယ်သာလန် ပြည်တွင်းမီဒီယာ NOS က ဖော်ပြပြောဆိုထားပါတယ်။ မီးလောင်ကျွမ်းမှုတွင် ပေါက်ကွဲသံများကိုလည်း ကြားရပြီး ပေါက်ကွဲခဲ့သော ကုန်တင်ကားများမှ ဓာတ်ငွေ့ဆလင်ဒါများကြောင့် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ပြောဆို ထားကြပါတယ်။