“ဂျပန်နိုင်ငံက ယူကရိန်းနိုင်ငံကို ရေအားလျှပ် စစ်ဓာတ်အားပေးစက်ရုံ ပျက်စီးခဲ့ရသည့်အတွက် ကန်ဒေါ်လာ ၅သန်းထောက်ပံ့”

ဇွန် ၁၀

ယူကရိန်းနိုင်ငံ Kakhovka ဒေသရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး ပျက်စီးသွားတဲ့အတွက် ဂျပန်နိုင်ငံက Kiev(ယူကရိန်း) နိုင်ငံ ကို ကန်ဒေါ်လာ ၅ သန်း ပေးအပ်ထောက်ပံ့သွားမှာဖြစ်တယ်လို့သတင်းဌာနများကဖော်ပြနေကြပါတယ်။

ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ် Fumio Kishida က အဆိုပါထောက်ပံ့မှုကို နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတစ်ဆင့် အကူအညီတွေ ပေးပို့သွားမယ်လို့ လည်း ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံအတွင်းရှိ Nova Kakhovka ရေကာတာပြိုကျပျက်စီးပြီးနောက် ဂျပန်နိုင်ငံသည် စစ်ဘေးသင့်နိုင်ငံ၌ ဆိုးရွားစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် နေသည့်အတွက် ထောက်ပံ့ငွေ အဖြစ် ကန် ဒေါ်လာ ၅ သန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် Fumio Kishida က ယူကရိန်းသမ္မတ Volodymyr Zelenskyy အား ပြီးခဲ့သည့် ဇွန်လ ၉ရက် သောကြာနေ့က တယ်လီဖုန်းဖြင့်ပြောကြားခဲ့တာဖြစ်ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။