ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး နှင့် မြို့နယ်ရဲစခန်းတို့ကို သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့များကDrone ဖြင့်Drop Bomb ပစ်ချတိုက်ခိုက်

ဇွန် ၉

     ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့တို့က
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်းကောင်း၊မြို့နယ်ရဲစခန်းကို နံနက် ၁၀နာရီ ၂၀ မီးနစ်အချိန့်ခန့်တွင်လည်းကောင်း အသီးသီး Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ပါသည်။

   ထိုသို့ Drone ဖြင့် Drop Bomb ပစ်ချတိုက် ခိုက်ခဲ့မှုကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး သေဆုံးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ၁ ဦး၊လုံခြုံရေး စစ်သည် ၁ ဦး နှင့် ထွေအုပ်ဝန်ထမ်း ၁ ဦးတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်းနှင့် ရဲစခန်းမှ တပ်ဖွဲ့ဝင်မိသားစုဝင် တစ်ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြကြောင်း၊ အဆိုလူနာများကို ကျောက်ကြီးပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်းသတင်းရရှိပါသည်။

     အကြမ်းဖက်သောင်းကျန်းသူများက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အစည်းအဝေးပြုလုပ်နေချိန်ဖြစ်ကြောင်း၊ အကြမ်းဖက်များက ထိုသို့အစည်းအဝေးပြုလုပ်မည်ကို ကြိုတင်သတင်းရရှိထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့လာပါသည်။

#PAN