ကရင် ပြည်နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များ၊ Drop Bombများဖြင့် ပစ်ခတ်တိုက်ခိုက်

ဇွန် ၇

     ယနေ့ နံနက် ၅ နာရီကျော်အချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အာရှလမ်းမကြီး တစ်မိုင်ကုန်းရွာအ၀င် ရေကူးကန်နားတွင် လုံခြုံရေးတာ၀န်ယူနေသောတပ်မတော်သားများကို အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက လက်နက်ကြီး၊လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

     နယ်မြေခံတပ်များမှ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ကူပေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ တစ်လျှောက်လက်နက်ကြီးများဖြင့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ နံနက် ၈ နာရီ ၁၀ မီးနစ်အချိန်တွင် လက်နက်ကြီးသံများငြိမ်သက်သွားပြီး ကော့ကရိတ်မြို့သူ မြို့သားများပုံမှန်သွားလာလူပ်ရှားလည်ပတ်လျက်ရှိကြောင်း၊ လုံခြုံရေးတာ၀န်ယူဆောင်ရွက်နေသော တပ်မတော်သားများထိခိုက်ကျဆုံးမူမရှိကြောင်း သိရှိရပါသည်။

     အလားတူ ယနေ့ နံနက် ၀၀:၂၅ နာရီအချိန်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်လဝက ရုံးပေါ်သို့ အကြမ်းဖက်သောင်းကျန်းသူများက Drop Bomb ဖြင့်ပစ်ချခဲ့ကြောင်း၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူ/တရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။

#PAN