ဇွန် ၆
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့၊ (ဃ)ရပ်ကွက်ရှိ လောင်းလုံးမြို့အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ကျောင်းပစ္စည်းများကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ အင်အားစီစစ်ဆဲက ယမန်နေ့ ညသန်းခေါင်း ၁၂ နာရီအချိန်ခန့်တွင် လာရောက်ဖျက် ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဥ်မှာ အကြမ်းဖက်သောင်းကျန်းသူ PDF များက ကျောင်းအတွင်း ပင်မကျောင်းဆောင်၏တံခါးသော့ကို ဖျက်ဆီးပြီးအတွင်းသို့ဝင်ရောက်ခဲ့ကြောင်း၊ ဆရာ၊ဆရာမများ နားနေဆောင်နှင့် စာကြည့်တိုက်အခန်းအတွင်းရှိဘီရို ၁၀ လုံး၏သော့များအားဖျက်ဆီး၍အတွင်းရှိပစ္စည်းများအားမွေနှောက်ရှာဖွေခဲ့ကြောင်း၊ကျောင်းဆောင်သစ်၏နှစ်ထပ်ဆောင်အပေါ်ထပ်ရှိ ဆရာ၊ဆရာမများနားနေခန်းအတွင်း၌ထားရှိသော မိတ္တူကူးစက် canon IR 3235 ကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ ဆက်လက်၍အလယ်တန်းအဆင့်စာသင်ဆောင် တေဇဆောင်၏ သော့များကို ဖျက်ဆီး၍ဆရာ ဆရာမ နားနေခန်းအတွင်းရှိနံရံ၌ စစ်ကျွန်ပညာရေးစနစ်အလိုမရှိစာတန်း ရေးသားခဲ့ကြောင်း၊ ကျောင်းဆောင်၏စင်္ကြန်လမ်းရှိ အလျား ၆ ပေ အနံ ၄ ပေခန့်ရှိ white book အပေါ်၌ ”ငါက PDF ရှင်းတယ်နော်၊ ကျောင်းတက်နေသောကလေးများ ကိုယ့်အသိနဲ့ကိုယ်ပဲ့ အေးအေးဆေးဆေးနေကြပါ၊ တားလို့မရက PDF တာဝန်သာဖြစ်စေသည်၊ သုတ်သင်မည် PDF” ဟုရေးသားထားပြီး ဘေးဖက်၌ အသဲပုံသဏ္ဏန်အတွင်း၌ လက်ညိုးသုံးချောင်းထောင်သည့်ပုံရေးဆွဲထားခဲ့ကြောင်း သိရှိရပါသည်။
ကျောင်းအုပ်ဆရာမကြီးဒေါ်မျိုးမမထွန်း ၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးနှင့် လုုခြုံရေးမှ တာဝန်ရှိသူများ၊ တပ်နယ်မှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီအချိန့်ခန့်တွင် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။
တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့မှ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ယခုလို အေးချမ်းစွာ ပညာသင်ကြားလိုသော ကျေညင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများကို နည်းမျိုးစုံဖြင့် နှောက်ယှက်၊ဖျက်ဆီး၊ခြိမ်း ခြောက်၊သတ်ဖြတ်နေခြင်းသည် တပ်မတော်အစိုးရကို ထိခိုက်ခြင်းထက် တိုင်းပြည်၏အနာဂါတ်ကို ဖျက်ဆီးနေခြင်းဖြစ်ရာ အလုံးစုံပျက်သုဥ်းခြင်းသို့ ဦးတည်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။
#PAN