ဇွန် ၆
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ကုက္ကိုလ်ဇီးကျေးရွာ၏ အနောက်ဘက် ၂ဖာလုံခန့်အကွာယာခင်းတွင် ကုက္ကိုလ်ဇီးကျေးရွာ၊အုပ်ချုပ်ရေးမှုး ဦးထွန်းနိူင်(ခ)ဦးချစ်ပို၊၄၁နှစ်၊(ဘ)ဦးဝင်းရွှေ(ခ)ဦးရွှေမန်း ကို ဝဲ-ပါးအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ပေါက်ပြဲ၊အရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးခဲ့သည်ကို သိရှိရပါသည်။
အဆိုပါ အခင်းဖြစ်နေရာအနီးမှ ၇.၆၂×.၃၉ ကျည်ခွံ ၅ခွံ တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ ဦးထွန်းနိူင်(ခ)ဦးချစ်ပို သည် နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ် ကြောင်း၊ ဦးထွန်းနိူင်(ခ)ဦးချစ်ပိုကို PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။
#PAN