“အမေရိကန် လူဝီစီယားနားပြည်နယ် ချားလ်စ် ရေကန်အနီးရှိ ရေနံချက်စက်ရုံကြီး မီးလောင် မှုဖြစ်ပွား”

ဇွန် ၄

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ လူဝီစီယားနား ပြည်နယ် တွင် ပြီးခဲ့သည့် ဇွန်လ ၃ရက်နေ့ ညနေပိုင်းက ရေနံချက်စက်ရုံကြီးတစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့တာဖြစ်ပြီး အဆိုပါ ရေနံချက်စက်ရုံ ကြီးအနီးတွင် နေထိုင်သူများနှင့် စီးပွားရေး လုပ်ငန်းများအားလုံးကို ၃ မိုင်အကွာထိ ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ထားကြ ရန် အာဏာပိုင် များက အမိန့်ထုတ်ပြန်ခဲ့ ကြတာဖြစ် ပါတယ်။

အဆိုပါ ရေနံချက်စက်ရုံ၏တာဝန်ရှိသူများက ရေနံသန့်စင် ရေးစက်ရုံကြီးကို မိုးကြိုးပစ်ခံရခြင်း ကြောင့် မီးလောင်မှုဖြစ်ပွား ခဲ့တာ ဖြစ်တယ်လို့ ပြောဆ်ိုထားကြပြီး Calcasieu ဒေသ၏ ရေနံသန့်စင် ရေးကုမ္ပဏီကြီးသည် အမေရိကန်နိုင်ငံ လူဝီစီယားနား ပြည်နယ် ချားလ်စ်ရေကန်၏ အနောက်တောင် ဘက် ၅ မိုင်အကွာရှိ Calcasieu သင်္ဘော လမ်းကြောင်း ပေါ်တွင် တည်ရှိနေတာ လည်းဖြစ် ပါတယ်။