ဖယ်ခုံမြိုနယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ တစ်ထပ်စာသင်ကျောင်းဆောင် ၁ ဆောင်ကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီး

ဇွန် ၄

    ရှမ်း​ပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြိုနယ်၊ညောင်ကုန်း (၅)ရပ်ကွက်၊အထက(၁)စာသင် ကျောင်းအလျား ၂၁၀ ပေ၊ အနံ ၃၀ ပေ၊(ခရေဆောင်)သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း၊ အခန်း(၈)ခန်းပါ တစ်ထပ်ကျောင်းဆောင် ၁ ဆောင်ကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပါ သည်။

      ထိုကဲ့သို့ မီးရှိုဖျက်ဆီးခဲ့ခြင်းကြောင့် တစ်ထပ်ကျောင်းဆောင် ၁ ဆောင်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ အဆိုပါကျောင်းဆောင်ကို ၁၉၆၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကြောင်း သက်တမ်းလွန် အဆောက်ဦးဖြစ်ပြီး ကာလတန်ဖိုး တွက်ချက်မရကြောင်းသတင်းရရှိပါသည်။

#PAN