“အိန္ဒိယ နိုင်ငံ အတွက် တံခါးဖွင့်ပေးထားသည့် NATO”

ဇွန် ၂

အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၏ သံအမတ်ကြီး Eric Garcetti ကအိန္ဒိယနိုင်ငံ အတွက် NATO မဟာမိတ် နိုင်ငံများအဖွဲ့က အမြဲ တံခါးဖွင့် ပေးထားကြောင်း ပြီးခဲ့သည့် မေလ ၃၁ရက်နေ့က ပြောကြားခဲ့ တာဖြစ်ပါတယ်။

မဟာဗျူဟာပြိုင်ဆိုင်မှုများအပေါ် အာရုံပိုစိုက်သည့် အမေရိကန်နိုင်ငံ၏ ကော်မတီသည် အိန္ဒိယဝန် ကြီးချုပ် Modi ၏ ဝါရှင်တန်သို့ အလည်ပတ် ခရီးစဥ် မသွားရောက်မီ တစ်လ အလိုထဲက NATO Plus အား အိန္ဒိယ နိုင်ငံကို ပေါင်းထည့်နိုင်ရန် အဆိုပြုချက် ကို လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ယခု လက်ရှိတွင် NATO Plusတွင်ပါဝင်လာသော အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ မှာ သြစတြေးလျနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အစ္စရေးနိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်နေတာဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော် ပြပြောဆိုနေကြပါတယ်။