ပေါင်မြို့နယ်၊နတ်မှော်ကျေးရွာပြည်သူ့စစ်ဌာနေအဖွဲ့ဝင်ဟောင်း တစ်ဦးကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက သေနတ်ဖြင့်ပစ်ခတ်

မေ ၃၁

    ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ပေါင်မြို့နယ်၊နတ်မှော်ကျေးရွာတွင်နေထိုင်သူ
ဦးသန်းဌေး၊ ၅၂ နှစ်ခန့်၊(ဘ) ဦးသာဌေးသည် နေအိမ်၌ရှိနေစဥ် PDF အမည်ခံလူသတ်အကြမ်း ဖက်သောင်းကျန်းသူ လူငယ် ၂ ဦးက ဆိုင်ကယ်ဖြင့်လာရောက်၍ ပစ္စတိုဖြင့် ပစ်ခတ်၍ လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ပါ သည်။

    ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ဦးသန်းဌေး တွင် ဝဲနို့အုံဘေးမှ ကျည်ဖောက်ဝင် နောက်လက်ပြင်မှ ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး လူနာကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ သေနတ်ဖြင့် အပစ်ခံရသူ ဦးသန်းဌေး သည် ယခင်က နတ်မှော်ကျေးရွာ ပြည်သူ့စစ်
ဌာနေ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်က ပြည်သူ့စစ်ဌာနေ အဖွဲ့မှ နှုတ်ထွက်ထားသူဖြစ်ကြောင်း သိရပါသည်။

#PAN