တပ်မတော်ကွန်မန်ဒိုအဖွဲ့က အကြမ်းဖက်သောင်း ကျန်းသူ PDF တစ်ဦးကို စနိုက်ပါဖြင့်ပစ်ခတ်

မေ ၃၁
     ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တနင်္သာ ရီတိုင်းဒေသကြီး၊ထားဝယ်မြို့နယ်၊သင်္ကန်းတုံးရွာကို ထောက်လှမ်းစောင့်ကြည့်နေသော တပ်မတော်ကွန်မန်ဒိုအဖွဲ့က လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF တစ်ဦး ဆိုင်ကယ်နဲ့ ထွက်လာသည်ကို လက်ဖြောင့်စစ်သည်က စနိုက်ပါနှင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ၎င်းအကြမ်းဖက်PDF တစ်ဦးထိမှန်ပြီး နေရာတွင်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အကြမ်းဖက် PDF(Fighting For Freedom Force)တစ်ဦးနှင့်အတူ M-4 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၂၀ တောင့်၊လမ်း​လျှောက်စကားပြောစက်အိုင်ကွန် ၁ လုံး၊ဆိုင်ကယ် ၁ စီး၊ ဖြူးစ် ၄၀ ချောင်း၊ ကိုးလုံးကျည် ၂ တောင့်၊ အီကွေ့မန့် ၁ ခု၊ ပြောက်ကျားအင်္ကျီ ၁ ထည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN