သပိတ်ကျင်းမြို့နယ်တွင် မိုင်းထောင်နေသော လူသတ်အကြမ်းဖက် PDF ၂ဦးကို ဖမ်းဆီးရမိ


မေ ၂၀

       ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် မန္တလေး တိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့၊အင်းနက်ကျေးရွာအုပ်စုအတွင်း တပ်မတော်လုံခြုံရေးစစ်ကြောင်းနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဥ်  အင်းနက်ကျေးရွာအုပ်စု၊မြိုင်သာယာကျေးရွာ သုဿန်တွင် မိုင်းထောင်နေသော လူသတ်အကြမ်းဖက် PDF ၂ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

    အဆိုပါ လူသတ်အကြမ်းဖက် PDF ၂ဦးနှင့်အတူလက်လုပ်သေနတ်(အရှည်) ၁လက်၊လက် လုပ်မိုင်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN