မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက်သမားများ၏ ဗုံးသီးများတပ်ဆင်ထားသည့် Droneတစ်စီးအား သိမ်းဆည်းရမိ


မေ ၂၀

       အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့မှုအရ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ကုက္ကဲကျေးရွာအား အကြမ်းဖက်အဖွဲမှ ၆၀ မမဗုံးသီးဖြင့် Drop Bomb ချ၍ တိုက်ခိုက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် မေလ ၁၈ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် လုံခြုံရေးပူးပေါင်းအဖွဲဖြင့် ကုက္ကဲကျေးရွာနှင့် ရွာသာယာကျေးရွာ နေရာများသို နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ နံနက် ၂ နာရီခွဲအချိန်တွင် ရွာသာယာကျေးရွာ၏ အရှေ့ဘက်သို ရောက်ရှိစဉ် ၆၀ မမ ဗုံးသီး ၄ လုံးတပ်ဆင် ထားသော Drone ယာဉ် ၁ စီး ပြုတ်ကျခဲ့ပါသည်။

      ထိုသို့ Drone ယာဉ် ပြုတ်ကျမှုကြောင့် ပေါက်ကွဲမှု မရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲဝင်များက သိမ်းဆည်းရမိသည် ဗုံးသီး ၄ လုံးအား ဖြစ်စဉ်နေရာအနီးတစ်ဝိုက်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN