ဘိုကလေးမြို၊အမှတ်(၉)ရပ်ကွက်တွင် ငွေ (၅၀၀၀)ကျပ်နှင့် ဖုန်း(၁)လုံးအားလုယူပြီး သတ်ဖြတ်မှုဖြစ်ပွား


မေ ၂၁

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုကလေးမြို၊အမှတ်(၉)ရပ်ကွက်၊တောင်လက်ျာဘုရားရှိ သောက်သုံးရေကန်တွင် ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က သောက်ရေကန်ရေဆင်းတံတားတွင်လူတစ်ဦးသေဆုံးနေကြောင်း သတင်းရရှိရသဖြင့်
ရာအိမ်မှူး၊​ကျေးရွာအုပ်ချုပ်ရေးမှူး၊မြိုနယ်အုပ်အုပ်ချုပ်ရေးမှူ၊စခန်းမှူးတို့ ရောက်ရှိလာပြီး သေဆုံသူအားစစ်ဆေးရာ ညာဘက်မျက်ခုံးအပေါ်ပေါက်ပြဲဒါဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေကြောင်း သိရှိရပါသည်။

   အဆိုပါသေဆုံးသူမှာ ကလေးမြိုနယ်၊ဘုရား
ချောင်းကျေးရွာအုပ်စု၊ဘုရားချောင်းကျေးရွာနေသူ မောင်ကိုထွန်း၊ ၃၀နှစ်၊(ဘ) ဦးဖူထန် ဖြစ် ကြောင်း သိရှိရပြီး သေဆုံးသူကို ဘိုကလေးမြို့ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပြီးရင်ခွဲစစ်ဆေးမှုများဆောင်ရွက်ခဲ့ပသည်။

     စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမောင်ကိုထွန်း ကို ဘိုကလေးမြို့၊အမှတ်(၉)ရပ်ကွက်၊သူရယလမ်းသွယ်(၂)လမ်းနေ မောင်ညီတာ၊၂၀ နှစ်၊(ဘ)ဦးမောင်အေးနှင့် မောင်စိုးထိုက်အောင်၊ ၂၂ နှစ်၊(ဘ)ဦးကျော်စိုး တို့နှစ်ဦးက သေဆုံးသူထံမှငွေ(၅၀၀၀)ကျပ်နှင့် ဖုန်း(၁)လုံးအားလုယူသတ် ဖြတ်ပြီး သောက်ရေကန်အတွင်း ပစ်ချထားခဲ့ကြောင်းနှင့် အဆိုပါတရားခံ(၂)ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN