ဘားအံမြို့နယ်၊ဘားအံ-သထုံကားလမ်းဘမိုင်တိုင်အမှတ်(၁၀/၀)အနီးတွင် လူသတ်အကြမ်းဖက် PDFအဖွဲ့များက တပ်မတော်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်


မေ ၁၇

123ယနေ့ နံနက် ၁၀ နာရီ ၄ဝ မီးနစ်အချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ဘားအံ-သထုံကားလမ်းနောင်ကျန်ကျေးရွာအုပ်စု၊ဆယ်မိုင်ကုန်းလမ်းဘေး၊ မိုင်တိုင်အမှတ်(၁၀/၀)အနီးတွင် အကြမ်းဖက်အဖွဲ့ (အင်အား/ဦးစီခေါင်းဆောင် စိစစ်ဆဲ)က သထုံဘက်မှ ဘားအံဘက်သို့လာသော တပ်မတော်ယာဥ်တန်း မော်တော်ယာဥ် ၅ စီးကို ချုံခို၍မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၁ လုံးပေါက်ကွဲခဲ့ပါသည်။ ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် တပ်မတော်ယာဥ်တန်းနှင့် အခြားထိခိုက်မှုများမရှိကြောင်းနှင့် အဆိုပါမိုင်းဆွဲတိုက်ခိုက်သည့်နေရာ အနီးဝန်း ကျင်လမ်း​ဘေးဝဲ/ယာတစ်လျှောက်တွင် မိုင်း လက်ကျန်များ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။