နေပြည် တော်-ကံပြားလမ်း မိုင်တိုင်အမှတ် ၂၆အနီးရွှေပန်းကျေးရွာအထက်နားတွင် မန္တလာမင်းခရီးသည်တင်ယာဥ်နှင့် ဟိုက်ဂျက်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်ခဲ့ရာ ၅ ဦးသေ၊၁၁ဦးဒဏ်ရာရ


မေ ၂၁

      ယနေ့ နံနက် ၁၁နာရီခန့်အချိန်တွင် နေပြည်တော်-ကံပြားလမ်း မိုင်တိုင်အမှတ် ၂၆အနီး၊မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်၊
ရွှေပန်းကျေးရွာအထက်နားတွင် မန္တလာမင်းခရီးသည်တင်ယာဥ်နှင့်စလင်းမြို့မှဟိုက်ဂျက်ယာဥ်တို့ မျက်နှာချင်းဆိုင်ရှောင်တိမ်းရာမှမလွတ်ပဲတိုက်မိကြရာ လူ ၅ ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရရှိခဲ့ကြပါသည်။

    သေဆုံးသူငါးဦးမှာ ဟိုက်ဂျက်ယာဥ်ပေါ်မှဖြစ်ပြီး ကျား ၁ မ ၄ ဖြစ်ကြောင်း၊ လူနာ ၁၁ ဦးထဲမှ ကျား ၃ ဦး၊မ ၂ ဦး၊ ပေါင်း ၅ ဦးကို မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံး ၅ ဦး၏ DBများအားစလင်းမြို့သို့ မနောဖြူလူမှု့ကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN