တောင်ငူအကျဥ်းထောင်တွင် တရားရုံးအချုပ်အတွင်းမှ သေဒဏ်အမှုတရားခံအပါအဝင် အကျဥ်သား ၁၀ ဦးက လုံခြုံရေးအဖွဲ့ထံမှ သေနတ်လုယူထွက်ပြေး


မေ ၁၈

      ယမန်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မီးနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ တောင်ငူအကျဥ်းထောင်တရားရုံးအချုပ်အတွင်းတွင် အချုပ်တရားခံ ကျား ၉ ဦး၊ မ ၁ ဦး၊စုစုပေါင်း ၁၀ ဦး (သေဒဏ်အမှုတရားခံ ကျား ၂ ဦး၊ မ ၁ ဦးအပါ အဝင်)တို့က လုံခြုံရေးတာဝန်ကျသော ဒုရဲအုပ်အေးသော်ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ် သားအောင်သူဝင်းထံမှ G-3ရိုင်ဖယ် ၁ လက်လုယူပြီး အဆိုပါအကျဥ်သား ၁၀ ဦးစလုံးလွတ်မြောက်ထွက်ပြေးသွားခဲ့ပါသည်။

    ဖြစ်စဥ်မှာ အထူးတရားရုံးအချုပ်ခန်းမှ အဆိုပါ အချုပ်တရားခံ ၁၀ ဦးသည် ရုတ်တရက် အချုပ်ခန်းတံခါးအား ခြေထောက်ဖြင့် ကန်ကြောက် ရိုက်ဖျက်၍ အတင်းတိုးထွက်ပြီး လုံခြုံရေးတာဝန်ကျများထံမှ သေနတ်များလုယူထွက်ပြေးခဲ့ခြင်းဖြစ်ပါသည်။

      အကျဥ်းထောင်တွင် လုံခြုံရေးတာဝန်ယူထားသော တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ လိုက်လံဖမ်းဆီးခဲ့ရာ စစ်မှုထမ်းဟောင်း တကက ကျော်မြင့်မှာ ဒူးခေါင်းတွင် သေနတ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ ပညာရေး(၅)တပ်မှ တက မောင်မျိုးမှာ ပေါင်ရင်းသို့ သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ အထူးတရားရုံး လုံခြုံရေးရဲတပ်ဖွဲ့ မှ ခြောက်လုံးပြူး ၁ လက်၊ ယင်းကျည် ၆ တောင့်၊
G-3 ရိုင်ဖယ် ၁ လက်၊ ယင်းကျည် ၁၅ တောင့်နှင့် တပ်မတော် လခရအဖွဲ့မှ ကာဘိုင် ၁ လက်၊
အမ်အေ-၁  ၁လက်ပါသွားကြောင်း၊ အကျဥ်းထောင်ဝန်ထမ်းများက ချက်ချင်းထောင်ပိတ်၍
အကျဥ်းထောင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး ထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN