ချမ်းအေးသာစံမြို့နယ်တွင် အရပ်သားနတ်ဆရာတစ်ဦးကို အမည်မသိအမျိုး သား ၃ ဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်

မေ ၂၉

     ယမန်နေ့ ည ၈ နာရီ ၄၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊အကွက်(၈၁၈)၊၆၂လမ်း၊၃၂×၃၃လမ်းကြားရှိ ဦးဘသန်း ကုန်စုံ ဆိုင် သုံးထပ် RC တိုက်၊အပေါ်ဆုံးထပ်တွင်နေထိုင်သူ ဆွေလွင်ဦး(ခ)အောင်မျိုးဆွေ၊၃၂နှစ်၊(ဘ)ဦးဘသန်း၊နတ်ဆရာမှာ ဝဲဘက်ရင်အုံတွင် သေနတ်ဒဏ်ရာ ၁ ချက်ဖြင့်သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပါသည်။

      ဖြစ်စဥ်နှင့်ပတ်သက်၍ စီစစ်ခဲ့ရာ ဦးဘသန်းကုန်စုံဆိုင်နေအိမ်သို့ Click ဆိုင်ကယ်ဖြင့် အမျိုး သား ၃ ဦး ရောက်ရှိလာကာ၊၎င်းအမျိုးသား ၃ဦးက သေနတ်အတို ၁လက်၊ဓါးအရှည် ၁ ချောင်းကိုင်ဆောင်ကာ အိမ်မှာ လူဘယ်နှစ်ဦးရှိလဲမေးမြန်းပြီး သေနတ်ကိုင်ထားသည့် အမျိုးသားတစ်ဦးမှာ နေအိမ်အပေါ်ထပ်သို့ တက်သွားကြောင်း၊၎င်းအမျိုးသားမှာ နေအိမ် ဒုတိယထပ်တွင် ဘုရားရှိခိုးနေသည့် မအိမွန်သန့်အား တွေ့ရှိကာ မအိမွန်သန့်၏ လက်ကိုင်ဖုန်းအားယူဆောင်ကာ နေအိမ်တတိယထပ်သို့ ဆက်တက်သွားကြောင်း၊နေအိမ်တတိယထပ်အရောက်တွင် ဆွေလွင်ဦး(ခ)အောင်မျိုးဆွေ နေထိုင်သည့်အခန်းအား ခြေထောက်ဖြင့်ကန်ဖွင့်ပြီး သေနတ်ဖြင့် ၂ချက် ပစ်ခတ်ခဲ့ရာ ၁ချက်မှာ ကျည်မထွက်ဘဲ ၁ချက်မှာ ဆွေလွင်ဦး၏ ဝဲဘက် ရင်အုံအား ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊၎င်းနောက် သေနတ်ဖြင့်ပစ်ခတ်သူသည် နေအိမ်အောက်ထပ်သို့ ပြန်ဆင်းသွားပြီး ၎င်းနေအိမ်တွင်နေထိုင်သည့် ကိုမျိုးသန့်ထွန်းနှင့်မအိမွန်သန့်တို့၏ လက်ကိုင်ဖုန်း ၂လုံးအား ယူဆောင်ကာ ၆၂လမ်းအတိုင်း တောင်ဘက်သို့ ထွက်သွားခဲ့ကြောင်း သိရှိရသည်။

    အခင်း​ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍စုံစမ်းကြည့်ရာ သေဆုံးသူဆွေလွင်ဦးနှင့် ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စကြောင့် အသတ်ခံရခြင်းဖြစ်နိူင်ကြောင်း ရပ်ကွက်နေပြည်သူများထံမှ ကြားသိရပါသည်။

#PAN