ရွှေဘိုမြို့နယ်တွင် တောအုပ်တစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများက ဝန်ထမ်းမှန်းသိ၍ ခေါင်းဖြတ်သတ်ဖြတ်

မေ ၂၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ချီပါမူးဘောင်အနီးတွင် ဦးခေါင်းမပါသောအမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိသဖြင့် နယ်မြေခံရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ရွှေဘိုခရိုင်သစ်တောဦးစီးဌာနရုံးတွင်နေထိုင်သူ ဦးမျိုးသန့်ဇင်ထွန်း၊ ၄၂ နှစ်၊တောအုပ်ဖြစ်ပြီး ၎င်းသေဆုံးသူကို ရွှေဘိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပါသည်။

    ဖြစ်စဥ်မှာ  ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဦးမျိုးသန့်ဇင်ထွန်း သည် တူမဖြစ်သူကို ရွှေဘို – ရေဦးကားလမ်းမြို့အထွက် ဥသျှစ်ကန်သုဿန်အနီးရှိ ငါးသားဖောက်စခန်းတွင် နေထိုင်သောအစ်မဖြစ်သူထံ ကလေးလာရောက်ပို့ဆောင်ခဲ့ပါသည်။ ထိုစခန်းအတွင်းသို့ ရွှေဘိုမြို့နယ်၊ချီပါကျေးရွာလူသတ်အကြမ်းဖက် PDF အဖွဲ့က သေဆုံးသူ၏ ယောက်ဖဖြစ်သူ ငါးဦးစီးမှူးကို ဖမ်းဆီးရန်ရောက်ရှိနေစဥ် ဦးစီးမှူးကို မတွေ့ရှိသဖြင့် အစ်မအားဖမ်းဆီးနေစဥ် ဦးမျိုးသန့်ဇင်ထွန်းရောက်ရှိလာခဲ့ရာ အကြမ်းဖက်အဖွဲ့သည် ငါးဦးစီးမှူးအားမတွေ့သဖြင့် ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။

      ချီပါလူသတ်အကြမ်းဖက်အဖွဲ့သည် ၎င်းအားရိုက်နှက်မေးမြန်းရာ သစ်တောဝန်ထမ်း(တော အုပ်) ဖြစ်ကြောင်းသိရှိရ၍ ချီပါမူးဘောင်အနီးတွင် ခေါင်းဖြတ်သတ်ပစ်ထားခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN