မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊ကန်​တော ရွာအနီးမှ PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများကို ရှင်းလင်းပေးရန် ဒေသခံပြည်သူများက လိုလားလျှက်ရှိ

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ်၊ကန်​တော ရွာအနီးမှ PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူများကို ရှင်းလင်းပေးရန် ဒေသခံပြည်သူများက လိုလားလျှက်ရှိ
******************************
မေ ၂၈

    ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်၊တွင်းမအုပ်စု၊သိမ်ကုန်းကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသော မမော်အေးနှင့် မလှလေးစိန် တို့ နှစ်ဦးသည် ပခုက္ကူမြို့သို ဆံပင်ရောင်းသွားရာ ၎င်းတို့စီးနင်းလိုက်ပါလာသည့်မော်တော်ယာဥ်ကို ပခုက္ကူမြို့နယ်၊ကန်တောရွာ အနီးအရောက်တွင် PDF အမည်ခံလူသတ်အကြမ်းဖက်အဖွဲ့က ယာဥ်ကိုရပ်တန့်စေပြီး ကားပေါ်တွင်ပါဝင်သော ၎င်းအမျိုးသမီးနှစ်ဦးကို သီးသန့်မေးမြန်းကာ ကားပေါ်အဆင်းခိုင်းပြီးလက်ပြန်ကြိုးတုတ်က၍ ”နင်တို့က ကြံ့ခိုင်ရေးစည်းရုံးရေးပွဲတွေမှာ က တဲ့သူတွေလို့ကြားတယ် အခုရော က ကြစမ်းလေ” ဟုပြောဆိုကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

     ၎င်း ပခုက္ကူမြို့နယ်၊ကန်တောရွာသည် ကမ္မ – ပခုက္ကူလမ်းပေါ်တွင်ရှိပြီး ခရီးသွားများ၏ ကုန် ပစ္စည်းများအား ပြန်ပေးဆွဲလုယက်ခြင်း၊ အိမ်စီးကားများအားလုယက်ခြင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊တပ်ထောက်ခံသူများ၊ဝန်ထမ်းများကို စစ်ဆေးဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်နေသောနေရာဖြစ်ကြောင်း သိရပါသည်။

    စစ်ဆေးမေးမြန်းခံရသူတစ်ဦး၏ပြန်လည်ပြောပြချက်အရ အဓိကပါဝင်သူ အကြမ်းဖက်သမားများမှာ ၎င်းးကန်တော်ရွာ၏မြောက်ဖက် မြိုင်မြို့နယ်၊ကန်သစ်ရွာနှင့် စိုင်ဂေါင်းရွာတို့မှအကြမ်း ဖက်သမားများ အများဆုံးပါဝင်ကြောင်းသိရှိရပါသည်။

     ယနေ့အချိန်ထိ ၎င်းပခုက္ကူမြို့နယ်၊ကန်​တော်ရွာအနီးမှ အကြမ်းဖက်များ၏ဖမ်းဆီးမှုများမှာ ကုန်ပစ္စည်းကား ၄ စီး၊ခရီးသည်ယာဉ် ၁ စီး၊အိမ်စီးကား ၃ စီး၊ လူဖမ်းဆီးမှု ၁၀ ယောက် ရှိပြီး ပြန်မလွှတ်သေးပဲ သတ်ပစ်ပြီးပြီးဖြစ်ကြောင်း ကြား သိရပြီး ၎င်းရွာများရှိ အကြမ်းဖက်သမားများကိုရှင်းလင်းပေးပါရန် ဒေသခံပြည်သူများက လိုလားလျှက်ရှိကြောင်း သတင်းရရှိပါသည် ။

#PAN