ပြည်သူလူထု၏ သတင်းပေးပို့မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်၊အတွင်း လူသတ်အကြမ်းဖက် PDF စခန်းကို ရှင်းလင်းနိုင်ခဲ့

မေ ၂၆

   ရှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ်၊ကျောက် ပချုပ်ရွာ အနီးအခြေပြု၍ ပတ်ဝန်ကျင်ရွာများကို ဆပ်ကြေးကောက်ခြင်း၊ ကားလမ်းဓမြတိုက်ခြင်း၊
လက်နက်မဲ့ ပြည်သူများ၊ ဝန်ထမ်းများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ ကျူးလွန် နေသော လူသတ်အကြမ်းဖက် PDF စခန်းကို မေလ ၂၅ ရက်နေ့
မွန်းလွဲ ၂ နာရီခန့် တွင် တပ်မတော်စစ်ကြောင်းက အငိုက်ဖမ်းတိုက်ခိုက် ခဲ့ကြောင်းသိရပါသည်။

   လူသတ်အကြမ်းဖက် လုပ်ရပ်များကို လက်မခံသော ပြည်သူများက တပ်မတော် စစ်ကြောင်းကို
သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ရရှိသတင်းများ အရ တပ်မတော်က ထိုးဖောက်ချီတက်ချေမှုန်းခဲ့ရာ လူသတ်အကြမ်းဖက် PDF အများအပြားသေဆုံးဒဏ်ရာရ တယ်လို့သိရပါသည်။

   တိုက်ပွဲအတွင်း လူသတ်အကြမ်းဖက် PDF ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး Type 81 ၁ လက်၊ကျည်အိမ် ၆ ခု၊ ကျည် ၇၂ တောင့်၊ Akကျည် ၁၁၀၀ တောင့်၊အီနာဂါ ၁၄ လုံး၊လက်ပစ်ဗုံး ၃ လုံး၊ရှော့တိုက်မိုင်း ၁ လုံး၊ ဒီတိုနေတာ ၁၈ ခု၊ ယမ်းကြိုးခွေ  ၂ ခွေ၊ ဘက်ထရီအိုး ၃ လုံး၊ စသည့် လက်နက်/ခဲယမ်းနှင့်စပ်ဆက်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။

  ဖမ်းဆီးရမိ လူသတ်အကြမ်းဖက် PDF ၁ ဦး ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

#PAN