“Fiji ၏ အမြင့်ဆုံးဆုအား ဂုဏ်ပြုချီးမြှင့်ခံခဲ့ရသည့် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi”

မေလ ၂၂

အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ် Narendra Modi အား Fijiနိုင်ငံ၏ အမြင့်ဆုံးဆု ဖြစ်သည့် “Companion of the Order of Fiji” ကို ယနေ့မေလ ၂၂ရက်နေ့တွင် ဂုဏ်ပြုချီးမြှင့် ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါဂုဏ်ပြုဆုကြီးသည် ယခုအချိန်အထိ Fijiနိုင်ငံသားမဟုတ်သူ အနည်းငယ်ကိုသာ အပ်နှင်းထားသော ကြီးမားသောဂုဏ်ပြုဆုကြီး တစ်ခုလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၏ဝန်ကြီးချုပ်Narendra Modiက အဆိုပါဂုဏ်ပြုဆုချီးမြှင့်ခံရမှုနှင့် ပတ်သတ်ပြီး သူ့ကိုယ်သူသာမက အိန္ဒိယလူမျိုး ၁.၄ ဘီလီယံနှင့် ရာစုနှစ်များစွာရှိအမြဲအတူရှိခဲ့သည့် Indo – Fijian နှစ်နိုင်ငံဆက်ဆံရေး၏ အောင်မြင်မှုလို့လည်း ခေါ်ဆိုခဲ့ပါသေးတယ်။