“အမေရိကန်ရဲ့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှု များခံခဲ့ရသောကြောင့် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြောက်ရွံ့နေသည့် လာအို”

မေလ ၂၃

တရုတ်နိုင်ငံ၏ Belt and Road အမျိုးသား မဟာဗျူဟာ ခြေလှမ်းသည် “ကမ္ဘာကို ကပ်ရောဂါဖြစ်လာနိုင်တယ်” ဟု‌သောထင်မြင်ယူဆချက် များသည်တရုတ်နိုင်ငံ Beijing ၏ကြိုးပမ်းအားထုတ်မှုများကိုပုံစံအသစ်အဖြင့် တိုက်ခိုက်မှုအသစ်တစ်ခုဖြစ်လို့လာခဲ့ပါတယ်။

လာအိုနိုင်ငံသည် အရှေ့တောင်အာရှတိုက်၏ပထဝီဝင် အနေအထားအရ ကုန်းတွင်းပိတ် ကွန်မြူနစ်နိုင်ငံ တစ်နိုင်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့ကြားတွင် ပေါင်းစည်းထားနိုင်သည့် ပြည်နယ်ကြီး တစ်ခုလုံးအတွက် အရေးပါသော ဆက်စပ်မှုကြီးတစ်ခု ဖြစ်လာနိုင်သော်လည်း တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် လာအိုနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးကို အနောက်နိုင်ငံများ၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိသွား မည်မှာ သေချာနေပြီဖြစ်ပါတယ်။ လာအိုနိုင်ငံသည် အရှေ့တောင်အာရှတိုက်တွင် ဆင်းရဲသောနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဗီယက်နမ်စစ်ပွဲကြီးအတွင်း အမေရိကန်နိုင်ငံ၏ ကြီးမားသော ဗုံးကြဲတိုက်ခိုက် မှုများကို ခံစားခဲ့ရကာ မြေပြင်တွင် မပေါက်ကွဲ သေးသော အမေရိကန်နိုင်ငံ၏ ဗုံးလက်နက်များ ကြောင့် လူသေဆုံးမှုများ အပါအဝင် နောက်ဆက်တွဲ အကျိုးဆက်များကို ယနေ့ထိ ကြံ့ကြံ့ခံနေရဆဲ ဖြစ်ပါတယ်။

အဆိုပါ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည့် လာအိုနိုင်ငံသည် ၎င်းနိုင်ငံ၏ မြောက်ဘက်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံများ၏ ကြီးမားသော အကူအညီ များကိုသာ အားကိုးနေခဲ့ရတာ လည်းဖြစ်ပါတယ်။

မကြာသေးမီနှစ်များအတွင်း လာအိုနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI)အမည်ရှိသော မဟာဗျူဟာကြီး မှ သိသိသာသာ အကျိုးအမြတ် ဖြစ်ထွန်းခဲ့ ပြီးဖြစ် ပါတယ်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-လာအို မီးရထားလမ်းသည် တရုတ်နိုင်ငံ ၏မြို့တော် ပေကျင်းမှ လာအိုနိုင်ငံသို့ ဆက်သွယ်ပေးသည့် မြန်နှုန်းမြင့် ရထားလမ်းကြီး တစ်ခုဖြစ်လာခဲ့ပြီး လာအိုနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုနှင့် နိုင်ငံ၏ပို့ကုန်များ အတွက် ကြီးမား သော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ ပါတယ်။

ယခုလက်ရှိတွင် လာအိုနိုင်ငံတစ်ဝှမ်းတွင် အဆင့်မြင့် အဝေးပြေးလမ်းသစ်ကြီးကိုလည်းတရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး တည်ဆောက်လျက်ရှိနေပါတယ်။

သို့သော် မကြာသေးမှီ သီတင်းပတ်က အနောက်အုပ်စု၏ Reuters သတင်းဌာနမှ ဆောင်းပါး တစ်ပုဒ်တွင် လာအိုနိုင်ငံဖွံ့ဖြိုးတိုးတတ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများကို “ကမ္ဘာ့ကပ်ရောဂါအသစ်” အဖြစ်တင်စားခဲ့ ပြီး ကမ္ဘာကြီးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မီဒီယာဘောင်ခတ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ဆိုရှယ် မီဒီယာများပေါ်တွင် အထင်အမြင်လွဲ မှားမှုများဖြစ်ပေါ်စေနိုင်ရန် ကြိုးစားခဲ့တာ ဖြစ်ပါတယ်လို့ ရုရှားသတင်းဌာနများမှ ယနေ့မေလ ၂၃ ရက်နေ့တွင်ဖော်ပြ ပြောဆို နေကြပါတယ်။