သာယာဝတီမြို့နယ်၊သုံးဆယ်မြို့၊ဒေါဝိ ကျေးရွာ အုပ်စုမှ ရာအိမ်မှူး လင်မယားနှစ်ဦးကို လူသတ်အကြမ်းဖက်များက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်


မေ ၂၂

          ယမန်နေ့ ည ၈ နာရီ ၁၅ မီးနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီမြို့နယ်၊သုံးဆယ်မြို့၊ဒေါဝိ ကျေးရွာအုပ်စု၊ရွာသစ်ကုန်းကျေးရွာနေ ရညအိမ်မှူးဖြစ်သော ဦးသန်းထွန်းအောင်၊ ၅၂ နှစ်၊(ဘ)ဦးကုလား၊ဈေးရောင်းနှင့် ဇနီးဖြစ်သူ ဒေါ်စိန်ရီမြင့်၊ ၅၀ နှစ်၊(ဘ)ဦးမိုးဟိန်းတို့သည် နေအိမ် ၌ ရှိနေစဉ် လူသတ်အကြမ်းဖက် PDF အဖွဲ့မှ အကြမ်းဖက်သမား ၂ ဦးက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ပါသည်။

    ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်  ဦးသန်းထွန်းအောင်တွင် ဦးခေါင်းနောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဂျိုစောင်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်းဖောက်ဝင် ၁ ချက်၊ လက်ဝဲချိုင်းအောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ ဒေါ်စိန်ရင်မြင့်တွင် ဝမ်း ဗိုက်ဘယ်ဘက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ ဘက်ရင်ဘတ်ဘေးဖောက်ဝင် ၁ ချက်၊ဝဲဂျို စောင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲမျက်ခုံးစွန်းမှ ဝဲဘက်နားရွက်နောက်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN