“လာအိုသို့ရောက်ရှိနေသည့် United Russia ပါတီ၏ ခေါင်းဆောင် Dmitry Medvedev”

မေလ ၂၃

ရုရှားနိုင်ငံလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဌနှင့် လက်ရှိအာဏာရ United Russia ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Dmitry Medvedev ဟာ လာအိုနိုင်ငံသို့ အလည်အပတ်ခရီးစဥ် အဖြစ် ယနေ့ မေလ ၂၃ရက်နေ့တွင် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အဆိုပါ ခရီးစဥ်တွင် လာအိုနိုင်ငံ၏ လက်ထောက်ဝန် ကြီးချုပ် နှင့် အရှေ့တောင် အာရှနိုင်ငံများ၏ ပြည်သူ့ လုံခြုံ ရေးဝန်ကြီး တစ်ဦးလည်းဖြစ်သည့် Vilay Lakhamfong နှင့် တွေ့ဆုံမှုများ ပြုလုပ် သွားမှာဖြစ်ပြီး ရုရှားနိုင်ငံ နှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး၊ သံတမန် ဆက်ဆံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများ နှင့် ယူကရိန်းနိုင်ငံ၏ အခြေအနေများကို ဆွေးနွေး ကြမှာဖြစ်တယ်လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုထားပါတယ်။