ဘားအံမြို့နယ်အတွင်း မူးယစ်ဆေးဝါးသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က လျှပ်တပြက်ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ တရားခံနှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးနှင့်အတူ လက်လုပ်မိုင်းများနှင့် ဖောက်ခွဲရေးဆက် စပ်ပစ္စည်းများကို ဖမ်းဆီးရမိ


မေ ၂၅

     မေလ ၂၃ ရက်နေ့ ညနေနာရီခွဲအချိန်ခန့်တွင် ဘားအံမြို့ လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့၊ ကော့မူးရာကျေးရွာအုပ်စု၊ ဝါးဆူးကျေး ရွာနေ လွန်းစိန်(ခ)ဖူးဖူး၊ ၅၃ နှစ်၊ (ဘ)ဦးကျော်အေး၊ကျဘမ်းလုပ်၏နေအိမ်ကို လျှပ်တပြက်
ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လွန်းစိန်(ခ)ဖူးဖူး နှင့် နေလင်းထိုက် (ခ)ပြောင်ကြီး၊၃၇ နှစ်၊(ဘ)ဦးစိုးမြင့်၊ကျဘမ်းလုပ်သူတို့ ၂ ဦးကို နေအိမ်အတွင်းတွေ့ရှိခဲ့ပြီး ၎င်းတို့၏ခန္ဓာကိုယ်နှင့် နေအိမ်အတွင်း ရှာဖွေခဲ့ရာ လွန်းစိန်(ခ)ဖူးဖူးလွယ်ထားသည့် အနီရောင်ဘေးလွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူး သွပ်ဆေးပြား ၃၈ ပြား (ကာလတန်ဖိုးဆေးပြား ၁ ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့်) ၁၁၄,၀၀၀ ကျပ်ခန့်အားတွေ့ရှိခဲ့ရပြီး ဆက်လက်ရှာဖွေခဲ့ရာနေအိမ်ခြေရင်းဘက်ရှိ အလုပ်ရုံ/ဂိုထောင်တဲအတွင်းမှ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရာတွင်အသုံးပြုသည့် လက်လုပ်မိုင်းများနှင့် ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိသိမ်း ဆည်းရမိခဲ့ပါသည်။

     အဆိုပါ ရှာဖွေသိမ်းဆည်းရမိသော လက်လုပ်မိုင်းများနှင့် ဖောက်ခွဲ ရေးဆက်စပ်ပစ္စည်းများမှာ-

(က) KNU/KNLA(PC)ဘက်တံဆိပ်ပြာပြောက် ကျားအင်္ကျီ(၁)ထည်၊ ဘောင်းဘီ ၂ ထည်။
( ခ ) စစ်စိမ်းရောင် ကျောပိုးအိတ် ၁ လုံး၊ပြောက် ကျားကျောပိုးအိတ် ၁ လုံး။
( ဂ ) အချင်း ၄.၅ လက်မ အရှည် ၆ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံး။
(ဃ) အချင်း ၄.၅ လက်မ အရှည် ၇.၅ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသောလက်လုပ်မိုင်း ၁ လုံး။
( င ) အချင်း ၄.၅ လက်မ အရှည် ၁၀ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
( စ ) အချင်း ၄.၅ လက်မ အရှည် ၆.၅ လက်မခန့်ရှိ အင်ဂျင်ဝိုင်ထည့်သည့်ဗူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
(ဆ) အချင်း ၄.၅ လက်မ အရှည် ၆.၅ လက်မခန့်ရှိ သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
( ဇ ) အချင်း ၃.၅ လက်မ အရှည် ၅.၅ လက်မခန့်ရှိ သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
( ဈ ) အချင်း ၃ လက်မ အရှည် ၇.၅ လက်မခန့်ရှိအင်ဂျင်ဝိုင်ထည့်သည့်ဗူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
(ည) အချင်း ၂ လက်မ အရှည် ၂ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၇ လုံး။
( ဌ ) Beer Chanဗူးခွံ(အတို)ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
( ဍ ) အချင်း ၂ လက်မ အရှည် ၅ လက်မခန့်ရှိ ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
( ဎ ) ၁ လက်မပတ်လည်ရှိ ဗျောက်အိုးမိုင်း ၁၀ လုံး။
(ဏ) အချင်း ၆ လက်မ အရှည် ၁၂ လက်မခန့်ရှိ သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး။
(တ) ထိုင်းနိုင်ငံထုတ် ၅.၅၆ ကျည် ၈ တောင့်။
(ထ) ပွိုင့် ၄၅ ကျည် ၁ တောင့်။
( ဒ ) ပွိုင့် ၃၈ ကျည် ၁ တောင့်။
( ဓ ) အရှည် ၁ လက်မခန့်ရှိ Alkaline ဓာတ်ခဲအသေး ၃ လုံး။
( န ) Power တံဆိပ် ဓာတ်ခဲအသေး ၉ လုံး။
( ပ ) အရှည် ၂ လက်မခန့်ရှိ တံဆိပ်မပါ ဓာတ်ဆဲအစိမ်းရောင် ၁ လုံး။
( ဖ ) ဖားပါးစပ် ဓာတ်ခဲအားသွင်းခုံ ၁ ခု။
( ဗ ) Redmi တံဆိပ်ပါ(အပြာရောင်)ဖုန်း ၁ လုံး။
(ဘ) Hello တံဆိပ်ပါ အနက်ရောင် ကီးပက်ဖုန်း ၁ လုံး။
( မ ) Samsung တံဆိပ်ပါ အဖြူရောင်ကီးပက်ဖုန်း ၁ လုံး။
(ယ) တံဆိပ်မပါ အနက်ရောင်ကီးပက်ဖုန်း ၁ လုံး။
( ရ ) Digital Remote Controller အဖြူရောင် ရီမုကွန်ထရိုး ၃ လုံး။
(လ) အရှည် ၂ လက်မခန့်ရှိ LED မီးချောင်း ၁ ချောင်း။
( ဝ ) တိတ်ဖြင့်ပတ်ထားသော အနီရောင် တံဆိပ်မပါ နာရီဓာတ်ခဲ ၂ လုံး။
(သ) Best တံဆိပ်ပါ ဖုန်းဘက်ထရီ ၂ လုံး။
(ဟ) ဝါယာကြိုးများတပ်လျက် ဆားကစ်ပြား ၇ ခု။
( ဠ ) ဝါယာကြိုးခွေအလွတ် ၂ ခွေ။
(အ) အချင်း ၁.၅ လက်မ၊ အရှည် ၁၄ လက်မရှိ သံပိုက်(၁)ချောင်းနှင့်၊ အချင်း ၂ လက်မ၊ အရှည် ၁၄ လက်မရှိ သံပိုက် ၁ ချောင်းတို့အားအောက် ခြေတွင် သံပြားပိတ်တွဲလျက်(ရှေ့တိုက်ဒုံးပစ်ခတ်ရသောပုံစံ) ၃ တွဲ။
( – ) အချင်း ၂ လက်မ၊ အရှည် ၁၄ လက်မရှိ သံပိုက် ၂ ချောင်းနှင့် အချင်း ၁.၅ လက်မ၊အရှည် ၁၄ လက်မရှိ သံပိုက်(၂)ချောင်းတို့အား အောက် ခြေတွင် သံပြားပိတ်တွဲလျက်(ရှေ့တိုက်ဒုံးပစ်ခတ်ရသောပုံစံ) ၁ တွဲ။
( – ) ယမ်းစိမ်းအခဲများထည့်လျက်အချင်း ၈ လက်မ၊ အမြင့် ၉ လက်မရှိ သံပုံး ၁ လုံး။
( – ) ထိုင်းနိုင်ငံထုတ် အနက်ရောင်အီကွေးမင့် ခါး ပတ်ကြီး ၁ ခု။
( – ) ခရာကြိုးအနီရောင် ခရာမပါ ၁ ချောင်း။
( – ) NLD တံဆိပ်ပါ အနီရောင် နှာခေါင်းစည်း ၁ ခု။
( – ) 2020 Vote NLD တံဆိပ်ပါ အနီရောင်တီရှပ်အင်္ကျီ ၁ ထည်။
( – ) TOP တံဆိပ်ပါ ဘယ်ရီဂတ်ဦးထုပ် အနက်ရောင် ၁ လုံး။
( – ) ဓာတ်ခဲအသေး ၈ လုံးဆန့် အားသွင်းခုံ ၁ ခု။
( – ) ၅/၉ အိတ်ဖြင့်ထည့်ထားသော ကန့်မှုန့်ဟု ယူဆရသော အနက်ရောင်အမှုန့် ၁၀ကျပ်သားခန့် ၁ ထုပ်။
( – ) ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့်ထည့်ထားသော ၁၀ ကျပ်သားခန့်ရှိ ခဲအပိုင်းအ
စများ ၁ ထုပ်။
( – ) အနွေးထည်အင်္ကျီ(အနက်ရောင်) ၁ ထည်။
( – ) NLD ရင်ထိုးတံဆိပ် ၁ ခုတို့ဖြစ်ကြပါသည်။

     ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ လွန်းစိန်(ခ)ဖူးဖူး နှင့် နေလင်းထိုက်(ခ)ပြောင်ကြီး တို့ ၂ ဦးကိုလိုအပ်သောစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး ဆက်စပ်တရားခံများဖမ်းဆီးရမိရေးနှင့် ၎င်းတို့နှစ်ကို တရားဥပဒေဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

PAN