ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို လူသတ်အကြမ်းဖက် PDF များက ဘေးတွဲဆိုင်ကယ်ဖြင့်လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး


မေ ၂၂

      ယနေ့ နံနက် ၁၀ နာရီ ၁၅ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၈၈)ရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဇော်လွင်(ခ)ဘိုတောက်၊ ၅၁ နှစ်၊(ဘ)ဦးလှမြင့်၊ ဇင်ကိုပိုင်၊၂၂ နှစ်၊(ဘ)ဦးကြည်ရွှေ(သစ်စက်လုပ်သား )၊ လှထွန်း(ခ)ကုလားလေး၊ ၁၉ နှစ်(ကျပန်း၊ အချက်အလက်စိစစ်ဆဲ) ပါ ၇ ဦးတို့သည် ဆိုင်ကယ် ၄ စီးဖြင့် ခိုင်ရွှေဝါလမ်းရှိ ဘုန်းကြီးကျောင်းမှ ပြန်လည်ထွက်ခွာလာစဉ် ငွေဇင်ယော်လမ်း (မိဘမေတ္တာဆေးဆိုင်ရှေ့) အရောက်၌ ဘေးတွဲဆိုင်ကယ်ဖြင့် လူသတ်အကြမ်းဖက် PDF ၅ ဦးခန့်(စိစစ်ဆဲ)အနက် ၃ ဦးက  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

    ထိုသို့ ပစ်ခတ်မှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်(ခ) ဘိုတောက်၌ ဝဲလက်ပြင် ထိမှန်ဒဏ်ရာ ၁ ချက်၊ယာလက်မောင်းထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲဒူး ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲခြေဖမိုး ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ဇင်ကိုပိုင် ၌ ဝမ်း ဗိုက် ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာလက်မောင်း ထိမှန်ဒဏ်ရာ(စိုးရိမ်ရ/စိစစ်ဆဲ)နှင့် လှထွန်း(ခ) ကုလားလေး ၌ ဝဲ/ယာလက်မောင်း ထိမှန်ဒဏ်ရာ(စိုးရိမ်ရ/စိစစ်ဆဲ)တို့ ထိမှန်ခဲ့ကြောင်းနှင့် ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9MM LUGER ကျည်ခွံ ၁၈ ခုကို တွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။

PAN