ထိုင်းနိုင်ငံဆိုင်ရာ အင်္ဂလန်သံအမတ်ကြီးနှင့်အဖွဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခ သည်စခန်းသို့သွားရောက်ခဲ့


မေ ၂၄

     ထိုင်းနိုင်ငံ၊မဲဆောက်မြို့သို့ ထိုင်းနိုင်ငံဆိုင်ရာအင်္ဂလန်သံအမတ်ကြီး HD Mr. Mark Goodin အဖွဲ့ဝင် ၅ ဦးသည် ယနေ့ နံနက် ၈ နာရီက ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အင်္ဂလန်သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့သည် ဗန်ကောက်လေဆိပ်မှတဆင့် မဲဆောက်လေဆိပ်သို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး တာ့ပ်ခရိုင်၏ ဒုတိယရဲမှူးကြီး Mr.ဖိုင်ထွန်ဆုခုံမ်ဝတ်ထနာ့နှင့် မဲဆောက်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ကြိုဆိုခဲ့ကြသည်။

   Nok Air လေယာဥ်ဖြင့် ဘန်​ကောက်မှ မဲဆောက်​လေဆိပ်သို့ ရောက်ရှိလာပြီး ၉ နာရီချိန်တွင်  တာ့ခ်ခရိုင် ခရိုင်ဥက္ကဌ၊ TBCဥက္ကဌနှင့်တွေ့ဆုံခဲ့​ကြောင်း၊ ၁၀ နာရီချိန်တွင် မဲ​ဆောက်မှ မဲလ ဒုက္ခသည်စခန်းသို့ထွက်ခွာရာ ၁၁ နာရီချိန်တွင် ရောက်ရှိပြီး  မဲလဒုက္ခသည်စခန်းကော်မတီဝင်များ၊ ဒုက္ခသည်များနှင့်တွေ့ ဆုံခဲ့​ကြောင်း၊ မွန်းလွဲ ၁ နာရီအချိန်တွင် ၄င်းမှ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲ ၂ နာရီ ချိန်တွင်  မဲဆောက်သို့ပြန်လည်ရောက်ရှိပြီး မဲဆောက် UNရုံးတာဝန်ခံနှင့်တွေ့ဆုံနေ့လည်စာစားသုံးပြီး​နောက် ညနေ ၄ နာရီချိန်တွင် UN ရုံးမှ မဲ​ဆောက်လေဆိပ်သို့ထွက်ခွာပြီး ၄င်းမှ ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့​ကြောင်း သတင်းရရှိပါသည်။

   အဆိုပါ အင်္ဂလန်သံအမတ်ကြီးဦးဆောင်သည့် အဖွဲ့က မြန်မာစစ်ဘေးရှောင်ဒုက္ခသည်စခန်းသို့ သွားရောက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ကရင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာမည်ကို မြန်မာပြည်သူများက စိုးရိမ်ပူပန်မှုများရှိနေကြကြောင်း၊ ကရင်ပြည်နယ်တစ်ခုလုံး စစ်မီးပြန်တောက်လာမည်ကို ကရင်ပြည်သူများက စိုးရိမ်မှုများရှိကြောင်း သိရပါသည်။

PAN