ညောင်ဦးမြို့နယ် ညောင်ဦး – ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၁၂/၄နှင့်၁၂/၅ အကြားတွင် ဆီသယ်ယာဥ် တစ်စီး ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား

မေ ၂၆

ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊တောင်ဇင်းနယ်မြေ၊ထနောင်းဝင်းကျေးရွာအနီး၊ညောင်ဦး - ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၁၂/၄နှင့်၁၂/၅ အကြားတွင် ယာဥ်အမှတ် YGN-1C/8374၊NISSAN အမျိုးအစား၊အဖြူရောင် ၁၂ဘီး၊ဂါလံ ၄၀၀၀ဆံ့ ဆီသယ်ယာဥ်သည် ညောင်ဦးမြို့နယ်၊တက်မရေနံမြေ၊လုပ်ကွက်အမှတ် ဂ-၁၈မှ ရေနံစိမ်းများ သယ်ဆောင်လာစဥ် အခင်းဖြစ်နေရာအရောက်၌ ကားခေါင်းထိုင်ခုံအောက်ရှိ ဝါယာကြိုးများမှစတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။ 

  မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် မွန်းလွဲ ၁၂ နာရီ ၁၆ မီးနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး ၁၂ နာရီ ၁၇ မီးနစ်အချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နောက်တွဲပါ ရေနံစိမ်းများမီးလောင်ဆုံးရှုံးမှုမရှိခဲ့ဘဲ ကားခေါင်းခန်းနှင့်တာယာ ၃လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ၂၅သိန်းကျပ်ဖြစ်ကြောင်းနှင့် ယာဥ်မောင်းဖြစ်သူ သိန်းထိုက်ဇော်၊၂၄နှစ်၊(ဘ)ဦးအောင်နိူင်ဦး၊အရှေ့ပုလင်းရွာ၊ညောင်ဦးမြို့နယ်နေသူအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 
https://t.me/positiveanglenews
https://t.me/positiveanglenews

PAN