ချောင်းဦးမြို့နယ်၊ကံကြီးကုန်းပြည်သူ့စစ်ရွာကို လူသတ်အကြမ်းဖက် PDF များက အမြဲနှောက်ယှက်ပစ်ခတ်တိုက်ခိုက်၊ပြည်သူ့စစ်ရွာမှ တောင်သူတစ်ဦး ပစ်ခတ်သတ်ဖြတ်


မေ ၂၃

     ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့နယ်၊ကံကြီးကုန်းပြည်သူ့ စစ်ရွာမှ တောင်သူ ဦးသန်းဝင်း၊ ၄၈ နှစ်(ဘ) ဦးဒေါင်း၊ ၎င်း၏ဇနီး ဒေါ်မြင့်ဌေးနှင့် ဦးနိူင်လင်းထွန်း(သူငယ်ချင်း)တို့သည် ရွာ၏တောင်ဘက်ရှိ ရွှေကျင်ရွာအနီး နွားလှည်းဖြင့် ကောက်ရိုးတင်ပြီး ပြန်လာစဥ် စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF များက သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက် ခိုက်ခဲ့ပါသည်။

ထိုသို့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးသန်းဝင်း နေရာတွင် သေဆုံးခဲ့ပြီး ဒေါ်မြင့်ဌေး၊ ဦးနိူင်လင်းထွန်းနှင့် နွားများသည် သေနတ်သံများကြောင့်လန့်ကာ ရွာသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပါသည်။

     အဆိုပါ ဖြစ်စဥ်ကို ကြားသိသဖြင့် ပြည်သူ့စစ်အဖွဲ့မှ ချက်ချင်းစုဖွဲ့ပြင်ဆင်ကာ လိုက်လံချေမှုန်းခဲ့ရာ အကြမ်းဖက် PDF များသည် တောင်ဘက်ရှိ ရွှေလှေရွာဖက် ကစဥ့်ကလျားဆုတ်ခွါထွက်ပြေးသွားကြောင်း သိရှိရပါသည်။

     အခင်းဖြစ်နေရာ၌ တောင်သူ ဦးသန်းဝင်းသည် ဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

      လူသတ်အကြမ်းဖက် PDF များသည် ကံကြီးကုန်းပြည်သူ့စစ်ရွာ၏ တောင်ဘက် တစ်ရွာခြား ရွှေလှေရွာတွင် စခန်းချအခြေပြု စုဖွဲ့နေထိုင်သည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ယခုထိ ရှင်းလင်းမှု မပြုခြင်း၊ မြို့နယ်အတွင်း စစ်ကြောင်းထိုး၍ အကြမ်းဖက် PDF များ ဖမ်းမိသော်လည်းဒေသခံ အင်အားစုများနှင့် ချိတ်ဆက်မှု အားနည်းခြင်းတို့ကြောင့် အကြမ်းဖက် PDF များသည် နာမည်အမှန် မပြောပဲ အခြားနာမည်ဖြင့် အစား ထိုးပြောကြားမှုကြောင့် အမြဲလွတ်မြောက် လွှတ် ပေးနေရကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

PAN